Pages

Wednesday, December 4, 2013

+++++ ခေတ်သစ် ကိုကိုမဟာဇနက +++++

အော်...ပညာလေးက မတောက်တခေါက်နဲ့ ဘာမှလဲလုပ်စားလို့မရပါလားနော်...ချစ်သော မာတာမိခင်မာမီမားသားမေမေ ရေ တားတား ပင်လယ်ထဲထွက်ပြီးရေပျော်ငှက်တို့ပျော်စံရာ သင်္ဘောကြီးနဲ့ ကမ္ဘာပတ်တော့မယ် တားတားတွားပါရစေ လို့ ခွင့်ပန်ကာ ကိုကိုဇနက ကတော့ ပင်လယ်ထဲ လှိုင်းမူးနေ အဲလေ လှိုင်းစီးနေပါပြီ.
ပတ်ချာလည်ရေတွေ ၀ိုင်းလို့ ကိုကိုဇနက ခမျာမှာ အမ မရှိလို့ အထီးကျန်နေရပါတယ်. ရက်စက်ရတ်ခဲ့တဲ့ ချစ်သူ ကိုလဲ အလွမ်းတွေတော့ ပို့ပါရဲ့ ပင်လယ်ထဲမှာ ပြုတ်ကျနေတာနဲ့ အလွမ်းတွေလဲမရောက်နိုင်ဘူး ထင်ပါရဲ့.အပျင်းပြေလေး ကုလားကားလေးကြည့်ပါတယ် ရှုံးလိုက်တဲ့ဖြစ်ခြင်းဗျာ တားတားလစာတွေလဲ ကုန်..ကုန် ရှိတော့ဘူးလေ. ဆိုးဝါးလိုက်တဲ့ကံများဗျာ ကိုကိုဇနက တစ်ယောက် ချစ်သူကမုန်း.ဖဲကရှုံး. အင်တာနက်လိုင်းကကျ. ဖုန်းအဆက်အသွယ်ကမရ ဖြစ်နေရပါပြီ.
ဘ၀နှယ်များ ဆိုးလိုက်တဲ့ဖြစ်ခြင်း ကံဆိုးထီးသွားရာ မုန်တိုင်းလိုက်လို့ တိုက်ပါပြီကော...(ဝေါ....၀ုန်း.....ဘုန်း.....ပလုံ.....) ကိုကိုဇနကရဲ့ ရေထဲကအိမ်တော်မဟာ ရွှေသင်္ဘောကြီးက ရေအောက် ကမ္ဘာအလည် အပတ်သွားတော့မှာမို့ ကိုကိုဇနက လွတ်ရာကိုခုန်ဆင်းလိုက်တယ်လေ လူကောင်က ကြီးတော့ ရေထဲကျသွားလိုက်တာများ ..ပလုံ...တဲ့လေ.ဒီလိုနဲ့ ကိုကိုဇနက ပင်လယ်ကြီးထဲမှာ ယက်ကန် ယက်ကန် 7 Days မျှောနေရာကနေရတော့တာပေါ့. မာတာမိခင်မာမီမားသားမေမေရေ တားတား အဖြစ်ကိုမြင်ကြည့်စမ်းပါဗျာ ဆိုပြီးတမ်းတလိုက်တဲ့ အခါသမယမှာတော့ လေဒီ အိန်ဂျယ် မေခလာ က ၀ါကာ..၀ါကာ သီချင်းလေးနဲ့ ကိုကိုဇနက နားရောက်လာ တယ်.
လက်ထဲမှာလဲ တွေ့သမျှကြွက်စုတ်လေးတွေကို ကယ်လာ၇တော့ လက်ကမအားတော့ဘူး ဖြစ်နေ ရှာရတာပေါ့. ကိုကိုဇနက ရဲ့ သနားကုလား အဲလေ သနားကမား မျက်နှာမဲလေးကိုမြင်ပြီး သနားပါလယ် ကယ်အုံးမှပါပဲလေ ဆိုပြီးတော့ ဟိဟိ လေဒီ အိန်ဂျယ် မေခလာ ကလက်ကမအားတော့လဲ အားနေ တဲ့ ခြေမနဲ့ ခြေညှိုးလေးတွေနဲ့ ကိုကိုဇနကရဲ့ နားရွက်နှစ်ဖက်ကနေ ညှပ်ပြီး ကယ်ဆယ်လာခဲ့တော့တာပေါ့. ကဲ ကိုကိုဇနကရေ အပေါ်တော့ မော့မကြည့်မိစေနဲ့နော်.မာတာမိခင်မာမီမာသားမေမေ ဆီကို အရောက်ပြန်ရအုံးမှာ စိတ်ထိန်းပါနော် ကိုကိုဇနက ရေ ဖိုက်တင်း...................

No comments:

Post a Comment