Pages

Tuesday, November 19, 2013

အင်တာနက်ပေါ်က ဟာသများ

ခေါင်းစဉ်ကတော့" ပျောက်နေတဲ့ငွေ ပြန်ရစေတဲ့နည်း" တဲ့နော် သူငယ်ချင်းတွေလည်း လိုအပ်ရင်ယူသုံးကြည့်ပေါ့ ကိုယ်နဲ့အဆင်ပြေရင်လည်းပြေနိုင်တယ်လေ...ဟိဟိ....ကဲဖတ်လိုက်အုံးနော်။

" သူငယ်ချင်း...မင်းသမီးကို ငွေကိုင်စာရေးနဲ့ လက်ထပ်ခွင့်ပြုလိုက်တယ်ဆိုတာမှန်လား.."
"အမှန်ပဲ"
"မင်းပဲ..ဒီကောင့်ကို မယုံဘူးဆို"
"မယုံဘူးလေ..ဒါပေမယ့် အခုငါ့ဆီက သူခိုးတဲ့ငွေတွေကို ငါ့သမီးလက်ထဲသူအပ်ရတော့မယ်လေ"
"အကျင့်"
"ဟိုငနဲဟာ ဘာဖြစ်လို့ တစ်ပွဲပြီးတိုင်း သူနဲ့တွဲကတဲ့ အမျိုးသမီးရဲ့ တင်ပါးကို လက်နဲ့ ပွတ်ရတာလဲကွ"
"အော်..အဲဒါလား...ဒီငနဲက နာမည်ကြီးဖောက်ထွင်းရေးသမားလေ.. သွားလေရာ သူရဲ့ လက်ဗွေရာ မကျန်အောင် သုတ်ပစ်တဲ့အကျင့်ပါနေတာလေ"
" အစပိုင်းမှာ ဒီလိုပဲ"
ခွေးကို နောက်ခြေနှစ်ချောင်းနှင့် ရပ်တတ်အောင် မိန်းမဖြစ်သူ သင်ပေးနေသည်ကို ကြည့်ပြီ ယောကျာ်းဖြစ်သူက သဘောမကျသောအသံဖြင့်ပြောသည်
" ဟေ့..ကြိုးစားပြီး သင်ပေးမနေနဲ့...ဒီကောင်က ခေါင်းမာတဲ့ကောင်.. လိုက်လုပ်မှာ မဟုတ်ဘူး"
" ရှင် ဘာမှဝင်မစွတ်နဲ့...ရှင်လဲအစတုန်းက ကျွန်မစကားကို ဘယ်မှာ နားထောင်လို့လဲ.."
" ပညာက မနေဘူး"
လမ်းဖြတ်ကူးသူတွေ မော်တော်ဆိုင်ကယ်က ၀င်တိုက်မိပြီး မောင်းပြေးသွားသည်.. အခင်းဖြစ်သည့်နေရာသို့ ရဲသား ချက်ချင်းဆိုသလို ရောက်လာသည်..
အတိုက်ခံရသူသည် နာမည်ကြီးခါးပိုက်နှိုက်သမားဖြစ်ကြောင့်တွေ့ တွေ့ ချင်းရဲသားက သိလိုက်သည်..
" တိုက်သွားတဲ့ မော်တော်ဆိုင်ကယ်ရဲ့ နံပတ်ကို မင်းမှတ်ထားလိုက်သေးလား"
" မမှတ်မိလိုက်ဘူး..ဒါပေးမဲ့..သူ့ပိုက်ဆံအိတ်ကိုတော့..နှိုက်ထားလိုက်တယ်ရော့."

No comments:

Post a Comment